ဗီယက်နမ် ~ ဟနွိုင်း

app_admin's picture

Day 01: ရန်ကုန် ~ ဘန်ကောက် ~ ပတ္တရား                                                                       (နေ့လည်စာ၊ ညစာ)

KMA Travels & Tours မှ ခရီးသွားအုပ်စုခေါင်းဆောင်နှင့် တွေ့ဆုံ၍ Nok Air (သို့မဟုတ်) Thai Lion Air လေကြောင်း ခရီးစဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပျံသန်းထွက်ခွာကြပါမည်။ ထိုင်းနိုင်ငံသို့ရောက်ရှိပါက လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆို နှုတ်ဆက်၍ ပတ္တရားမြို့သို့ ဆက်လက်ထွက်ခွာကြပါမည်။ ရှေးဦးစွာ Sri Racha tiger Zoo သို့ သွားရောက်ကာ ကျားအကောင်ရေ ၂၀၀ကျော်၊ မိချောင်းအကောင်ရေ ၁သိန်း နှင့် တိရိစ္ဆာန်များစွာ တို့ကိုလေ့လာပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့အပြင် တိရိစ္ဆာန်လေးများ၏ ချစ်စဖွယ်ဖျော်ဖြေတင်ဆက်မူများကိုလည်း ကြည့်ရှု့ကြမည်ဖြစ်ပါသည်။ ဆက်လက်၍ ဟိုတယ်သို့ပို့ဆောင်ပေးမည်ဖြစ်ပြီး Check- in ဝင်ရောက်ကာ ခေတ္တအနားယူကြမည်ဖြစ်ပါသည်။ ညနေပိုင်းတွင် ပတ္တရားမြို့၏ နာမည်ကြီးဖျော်ဖြေပွဲတစ်ခုဖြစ်သော Alcarzar Show မှ ချောမောလှပသော Lady Boys လေးများ၏ ဖျော်ဖြေတင်ဆက်မူကို စိတ်ဝင်စားဖွယ်ကြည့်ရှု့ခံစားကြပါမည်။ ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် အရသာရှိစွာ သုံးဆောင်ကြပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပြန်၍ တစ်နေ့တာပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 02: ပတ္တရား ~ သဲဖြူကျွန်း ~ ဘန်ကောက်                                                     (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက သဲဖြူကျွန်းသို့ ပတ္တရားကမ်းခြေမှ Speed Boat  သွားရောက်လည်ပတ်ကြပါမည်။ သဲဖြူကျွန်းသို့ ရောက်ရှိပါက ရေကူးခြင်း၊ ရေငုပ်ခြင်း၊ speed boat နှင့် Banana Boat စီးခြင်းစသည့် မိမိကြိုက်နှစ်သက်ရာ Water activity ကို ကစားရင်း ပျော်ရွှင်စွာ အပန်းဖြေကြပါမည်။ ထို့နောက် ပတ္တရားမြို့သို့ ပြန်လည်ထွက်ခွာလာပြီး နေ့လည်စာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် အရသာရှိစွာ သုံးဆောင်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက Nong Nooch Tropical Garden သို့ သွားရောက်ကာ ပန်းမျိုးစုံ ရှု့ခင်းများဖြင့် စိတ်ကြိုက်ဓာတ်ပုံရိုက်ပြီးနောက် လူကြိုက်များသော ဆင်လိမ္မာလေးများ၏ ကပြဖျော်ဖြေမူကို ကြည့်ရှု့ကြမည်ဖြစ်ပါသည်။ Nong Nooch Tropical Garden မှ ဘန်ကောက်သို့ ပြန်လည်ထွက်ခွာလာကြမည်ဖြစ်ပါသည်။ ဘန်ကောက်မြို့သို့ရောက်ရှိပါက Local Restaurant တွင် အရသာရှိစွာသုံးဆောင်ကြပါမည်။ ထို့နောက်ဟိုတယ်သို့ ပြန်၍ တစ်နေ့တာပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။


Day03: ဘန်ကောက်                                                                                   (မနက်စာ၊နံနက်စာ၊နေ့လည်စာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက မြဘုရားနှင့် တော်ဝင်ဘုရင့်နန်းတော်သို့ သွားရောက်လည်ပတ်ဖူးမျှော်ကြပါမည်။ ဆက်လက်၍ အရှေ့တောင်အာရှတွင် အကြီးဆုံးငါးပြတိုက် Siam Ocean World သို့သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် ပျော်ရွှင်စွာ ဈေးဝယ်ထွက်နိုင်ရန် Central World, Siam Paragon, Pratunam စသည့် ဈေးဝယ်စင်တာများသို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ညစာကို ဒေသဆိုင်ရာစားသောက်ဆိုင်တွင် အရသာရှိစွာ သုံးဆောင်ကြပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ပြန်၍ တစ်နေ့တာပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 04: Safari World                                                                                       (မနက်စာ၊နေ့လည်စာ၊ညစာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက Safari World နှင့် Marine Park သို့ သွားရောက်လည်ပတ်ကြပါမည်း။ Marine Park တွင် Orang Utan Boxing Show, Sea Lion Show – “Lighthouse Cove”, Safari Hollywood Cowboy Stunt Show စသည့် ဖျော်ဖြေပွဲများကို ကြည့်ရှု့ကြပါမည်။ နေ့လည်ကို Safari World Restaurant တွင် buffet lunch ဖြင့် သုံးဆောင်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက Dolphin Show, Spy War Live Action Stunt Spectacular, Bird Show စသည့်ပွဲများကို ဆက်လက်ကြည့်ရှု့ကြပါမည်။ ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် အရသာရှိစွာ သုံးဆောင်ကြပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပြန်တစ်နေ့တာ ပင်ပန်းသမျှအတွက် အိပ်စက်အနားယူကြပါမည်။

Day 05: Dream World ~ ဘန်ကောက် ~ ရန်ကုန်                                                                              (မနက်စာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက မနက်ပိုင်းတွင် မိမိအစီစဉ်ဖြင့် လွတ်လပ်စွာလည်ပတ်ပြီး နေ့လည်ပိုင်းတွင် Dream World သို့ သွားရောက်လည်ပတ်ကြပါမည်။ အမေရိကန်စတိုင်လ် ကစားကွင်းကြီးတွင် ပျော်ရွှင်စရာ ကစားနည်းမျိုးစုံကို ပါဝင်ဆင်နွှဲရင်း ဓာတ်ပုံရိုက် လိုသူများအတွက် များစွာသောနောက်ခံ အလှများရှိသဖြင့် ပျောင်ရွှင်စွာ ဓာတ်ပုံရိုက်နိုင်ပါသည်။ ထို့နောက် ဘန်ကောက်မြို့ကို နှုတ်ဆက် လေဆိပ်သို့ဆင်းကာ အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာလာကြမည်ဖြစ်ပါသည်။

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မူများ

  • ရန်ကုန်~ ဘန်ကောက် ~ ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်

  • ၃ညတာ ကြယ်သုံးပွင့်ဟိုတယ်တွင် တည်းခိုခများ

  • ခရီးစဉ်တွင်ဖော်ပြထားသော မနက်စာ၊ နေ့လည်စာ၊ ညစာ အစီအစဉ်

  • ခရီးစဉ်တစ်လျှောက်လည်ပတ်နိုင်ရန် Air-con ကားများ

  • မြန်မာနိုင်ငံမှ ခရီးစဉ်အုပ်စုခေါင်းဆောင်

  • ဒေသခံ အင်္ဂလိပ်စကားပြောဧည့်လမ်းညွှန်

  • ဝင်ကြေးများ

  • နေ့စဉ် တစ်နေ့လျှင်ရေသန့်တစ်ဘူးနှုန်း

  • ခရီးသွားအာမခံ

 
 

ခရီးစဉ်တွင်မပါသောဝန်ဆောင်မူများ

  • ခရီးစဉ်တွင် မဖော်ပြထားသော အစားအသောက်နှင့် အဖျော်ယမကာများ

  • ဟိုတယ်တွင် Mini Bar အသုံးပြုခများ

  • ခရီးစဉ်တွင် မပါဝင်သော နေရာများသို့ လည်ပတ်ခြင်း

  • သက်မှတ်အလေးချိန်ထက် ပို၍သယ်ဆောင်သော ဝန်ပိုခများ

Days: 
၃ညအိပ် ၄ရက်ခရီးစဉ်
Image: 

Address

3rd  floor, Cooperative Business Centre,
Corner of Sayarsan Road & New University Avenue Road , Bahan Township, Yangon, Myanmar.

Phone Fax

(+95-1) 401480~3, 401485-7 ,545008 Ext: 3100 - 3109  Fax:3109

Email


Welcome To 

KMA Travels & Tours



 © 2013 KMA Travels & Tours. All Rights Reserved.
Powered by : Green Web Creations & IT Solutions
Go to top